ကော်ဖီးခါးခါးတစ်ခွက်နဲ့
Rockသီ ချင်းတစ်ပုဒ်
ရင်ထဲက ထုတ် ထားတဲံ ကဗျာ
ကာရန်က နတ္ထိ
ဆယ့်နှစ်နာရီတောင်ရှိပြီ PM 12: 00....
အိမ်မရတဲ့ ညတွေ
အတွေးတွေနဲ့ ပြန့်ကျဲ
ဟိုး အတိတ်ဆီကို ၀ဲနေလေရဲ့....
၁၅ နှစ်သားမှာ စထားဖူးတဲ့ ရည်းစားဦးလေး
တွေးနေရင်းး ဝေးဝေးသွားပြီ...........
ဇာတိမြို့လေးက ထိုင်နေကျ လက်ဖက်ရည်ဆိုင်
ဘယ်သူငယ်ချင်းတွေများ
ထိုင်နေကြမလဲ ...........
နွေးထွေးတဲ့ အမေ့အိမ်
ဘယ်ချိန်များ ပြန်ခွင့်ရမလဲ .........
ကွဲခဲ့ဖူးတဲ့ အသည်း
တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေ
လှဲအိပ်ဖူးတဲ့ အင်းယား ကန်ဇောင်း
ပြန် ဇာတ်ပေါင်းသော်
ငါသည် အိပ်ရန် အချိန်တန်လေပြီ ။ ။
ကိုရဦေး
No comments:
Post a Comment