Saturday, October 26, 2019

လူ

တချို့သော အတ္တတွေက
ဆေးသကြားလိုပဲ
ခပ်ပါးပါးလေး သုံးပေးရင်
သိပ်ချိုတာ
နောက်ဆုံး သမုဒ္ဒရာ ဆီရောက်ရင်
ငံမှာပဲဆိုတဲ့ အတွေးနဲ့
ရွာမချဖြစ်ခဲ့တဲ့ မိုးရေစက်တွေ . . .

တခွက် နစ်ခွက် သုံးခွက်
အယ်ကိုဟော လေးဆယ် ပါဆန့် . .
ဆောက်သမ်းခရော့ကို မော့ကြည့်မိတယ်
တောင်ဘက်ခြမ်းမှာ
ဒူဝံကြယ်ဆိုတာ အမည်နာမ တခုထက်
မပိုခဲ့ဘူးရယ်

ကိုယ်တို့ နေထိုင်ရာမှာ လေ
မွန်းတည့်ချိန်ထက်
နေဝင် နေထွက် က အရိပ်တွေ ပိုရှည်ထွက်တယ်

28 Oct 2018

Friday, October 19, 2018

မြို့ပြရဲ့ တ​နေ့တာ ဟာ
တိမ်​​တောက်​ပြတယ်

နံပတ်​​တွေ ဝင်​လာလိုက်
တင်​လိုက်​ချလိုက်

ံဆံပင်​ရှည်​​လေးတချက်​သတ်

စွံ.အ ​ ​ခေါင်းမာ ခြင်းဟာ
တိုးတိတ်​ သက်​ ငြိမ်
မြင်​​နေရုံ​လေး​ငေး
 ပြီး ​တော့ . . . . .
တ​​​​ဖြေး​ဖြေး ​ဝေး
. . .
#ကို​ရေဦး

Saturday, September 22, 2018

မြို့ပြရဲ့ တ​နေ့တာ ဟာ

တိမ်​တောက်​ပြတယ်​



နာမည်​မ​ခေါ်တတ်​တဲ့ အပင်​ဘေး

နံပတ်​တွေ ဝင်​လာလိုက်​

တင်​လိုက်​ချလိုက်​

နံပတ်​တွေ ထွက်​သွားလိုက်​



စီး​ကြောင်း​တဖက်​ခြမ်းမှာ

ဆံပင်​ရှည်​လေးတချက်​သတ်​

ဖိနပ်​က​လေး တဖက်​ပြီး တဖက်​တက်​

ဝူး ခ နဲ​မောင်းထွက်​သွားတယ်​



ဘာသာ​ဗေဒ နဲ့ ရွတ်​ဆိုဖွင့်​မှ

ပွင့်​လာ မဲ့ တံ ခါး တ ချပ်​နား မှာ

စွံ့အ​ခေါင်းမာ ခြင်းဟာ

တိုးတိတ်​သက်​ငြိမ်​

မြင်​နေရုံ​လေး​ငေး

 ပြီး​တော့ . . . . .

ဝေး . .​ဝေး . . .

. . .

#ကို​ရေဦး

Friday, September 21, 2018

#ကိုးကွယ်​ရာ



အလ္လာ
ဗုဒ္ဓ
ကရိသျှနား
ယေရှု
ဂျေဟိုးဗား
ရှက်​မ​နေစမ်းပါနဲ့  . . . .

#ကို​ရေဦး

ခွဲခြားခြင်း


တခြား​သတ္တဝါနဲ့ စကားစပ်​မိတုန်းက . .

လူလူချင်းပဲဟာတဲ့

အင်​အားကြီးသူနဲ့ ငယ်​သူနဲ့



လူလူချင်းပဲဟာတဲ့

သူအစုအဖွဲ့ နဲ့ ကိုယ့်​အစုအဖွဲ့



လူလူချင်းပဲဟာတဲ့

အရိုင်းအစိုင်းနဲ့ အယဉ်​အ​ကျေးနဲ့



လူလူချင်းပဲဟာတဲ့

အင်​ပါယာနဲ့ မြို့ပြ နိုင်​ငံ​လေး​တွေနဲ့



လူလူချင်းပဲဟာတဲ့

အုပ်​ချုပ်​သူနဲ့ အုပ်​ချုပ်​ခံနဲ့



လူလူချင်းပဲဟာတဲ့

ရာထူးအာဏာနဲ့ လုပ်​ပိုင်​ခွင့်​တွေနဲ့



လူလူချင်းပဲဟာတဲ့

ကိုးကွယ်​ယုံကြည်​မှု​တွေနဲ့



လူလူချင်းပဲဟာတဲ့

မျိုးနွယ်​စု​တွေနဲ့



လူလူချင်းပဲဟာတဲ့

အဖြူ​တွေ အမဲ​တွေ အဝါ​တွေ

့အသား​ရောင်​ကာလာ​တွေနဲ့



လူလူခြင်းပဲဟာတဲ့

​ယောက်​ကျား​တွေ မိန်းမ​တွေ လိင်​တူချစ်​သူ​တွေ နဲ့



လူလူချင်းပဲဟာတဲ့

စည်းစိမ်​ချမ်းသာ ပိုင်ဆိုင်​မှု​တွေနဲ့



လူလူချင်းပဲဟာတဲ့

ဟိုပါတီ ဟိုစနစ်​ဘာညာ

နိုင်​ငံ​ရေး သ​ဘောတရား​တွေနဲ့



လူလူချင်းပဲဟာတဲ့

ရုပ်​ရည်​သွင်​ပြင်​လက္ခဏာ​တွေနဲ့



လူလူချင်းပဲဟာတဲ့

​တောသား​တွေ မြို့သား​တွေနဲ့



လူလူချင်းပဲဟာတဲ့

အနုပညာ ရှင်​နဲ့ ခံစားသူ​တွေနဲ့



လူလူချင်းပဲဟာတဲ့

ယုံကြည်​ရာ​တွေနဲ့



လူလူချင်းပဲဟာတဲ့

ဘုရားသခင်​တွေ​စေတန်​တွေနဲ့



လူဟာ လူပါပဲလို့ ဘယ်​လို​တွေ

​ဆို​နေ​ပေမယ့်​

​ခေတ်​အဆက်​ဆက်​က

ညှိ မရတဲ့ . . . .



21 Sept 2018











Tuesday, September 18, 2018

နာမည်မပေးရသေးသောကဗျာများ

ဂစ်​တာတလက်​ရဲ့ မကြာခဏ ပြတ်​တတ်​တဲ့
နံပတ်​တစ်​ကြိုး
ကယ်​ရီယာ မပါတဲ့ စက်​ဘီး တစင်း ရဲ့
တကိုယ်​ကောင်းဆန်​မှုမျိုး​
ကြယ်​တွေ လ​တွေ​မြင်​ချင်​ခဲ့​ပေမယ့်​
ည​တွေဟာ အမြဲတိမ်​ဖုံးတယ်​

ကလင့်​အိဝုရဲ့​ကောင်းဘွိုင်​ဇာတ်​ကား​တွေ
ကြည့်​ဖူးလား
​လေရူးသုန်​သုန်​ထဲက ရက်​ဘတ်​တလာရဲ့
လူသားဆန်​မှု မျိုး​တွေ

ငယ်​ငယ်​တည်းက အမြဲ မြင်​နေကြ
ဆောင်​ပုဒ်​တွေ လိုမျိုး . .
ဥပမာပြရရင်​
နိုင်​ငံအဝှမ်းသစ်​တောစွမ်းဖြင့်​
စိမ်းလန်း​စေရမည်​တဲ့
နာကြင်​ရမယ် ပြီးရင် ဟားတိုက်​ရယ်​မောလိုက်​

အ​ပေါ်မတက်​ခင်​စုတ်​ပြဲ သွားတဲ့
​လေတံခွန်​တွေ
တိုက်​စွန်​တစင်းက
ဖြတ်​ချခံလိုက်​ရတဲ့​လေတံခွန်​တွေ
ကြိုးကုန်​လို့ မိုးကုတ်​စက်​ဝိုင်းအနားသတ်​ထိ
လွင့်​သွားတတ်​တဲ့​လေတံခွန်​တွေ
ရစ်​လုံးတခုက​တမ်းတမ်းတတ
​ပြောပြခဲ့ဖူးတယ်​

ကြည်​နူးလိုက်​
 ခံစားလိုက်​
အဆင်​မ​ပြေတဲ့အခါ နာကျင်​လိုက်​
ကြာလာရင်​ဟားတိုက်​ရယ်​မောလိုက်​

ဇာတ်​ပို့ ဇာတ်​ရံ​တွေ. . .
လူကြမ်း​တွေ . . .
 ဖြတ်​လျောက်​တွေ . . .
ဘဝကို ပြဇာတ်​တပုဒ်​နဲ့ တင်​စားရရင်​
လူတိုင်းဟာ ကိုယ့်​ဘာသာ​တော့
ဇာတ်​လိုက်​တွေချည်းပဲ
အချိန်​တခုမှာ တနည်းတဖုံနဲ့
ပြီးဆုံးရမဲ့ . . .
​ပြဇာတ်​တွေ . . .

#ကို​ရေဦး

Thursday, May 3, 2018

ကိုးကွယ်​ရာ

#ကိုးကွယ်​ရာ



အလ္လာ

ဗုဒ္ဓ

ကရိသျှနား

​ယေရှု

​ဂျေဟိုးဗား

​ခေါင်းစဉ်​တွေ မျိုးစုံ​ပေး​နေမဲ့အစား

ကိုယ့်​အတ္တ လို့ နာမည်​သာတပ်​

ရှက်​မ​နေစမ်းပါနဲ့ . . . .

Sunday, January 7, 2018

အ​မေ့အိမ်

ကိုယ်​အခု​နေ​နေတဲ့ ရပ်​ကွက်​ထဲက အိမ်​ကို

​ပြောင်းလာ​တော့ ကိုယ်​က ငါးနစ်​သား ဝန်းကျင်​ရှိပြီ ။အိမ်​ငှါးဘဝက​နေ အ​ဖေ နဲ့အ​မေ ပထမဆုံး ပိုင်​ဆိုင်​ခဲ့တဲ့ အိမ်​လေး​ပေါ့ ။

 ည​နေဘက်​ဆို အသက်​ငါးဆယ်​လောက်​ရှိတဲ့ လူကြီးတဦး လမ်းထိပ်​ဘက်​က​နေ ကိုယ်​တို့အိမ်​ရှေ့ကိုအမြဲ ဖြတ်​ဖြတ်​ပြီး လမ်း​လျောက်​သွားတတ်​တာ မှတ်​မိ​နေတယ်​။ အဲဒီလူကြီးရဲ့ သမီး ကလဲ

ကိုယ့်​အ​ဖေ စာသင်​နေတဲ့​ကျောင်းက ပဲတဲ့ ။



ရပ်​ကွက်အသစ်​ထဲ​ပြောင်းလာကာစ ကိုယ့်​မိဘ​တွေက အသိဆိုပြီး အလာပ သလာပ နှုတ်​ဆက်​စကား​ပြောကြရင်း

" ဦးကြီး ဘယ်​သွား မလို့လဲ" လို့​မေး​တော့

" အ​မေ့အိမ်​"တဲ့ ။​



နေ့တိုင်းအချိန်​မှန်​အိမ်​ရှေ့က ဖြတ်​လျောက်​သွားတတ်​တဲ့ အသက်​ငါးဆယ်​ဝန်းကျင်​လူကြီးကို ကြည့်​ပြီး အ​မေ့ကိုအ​တော်​ချစ်​တတ်​တဲ့ သားပဲလို့

ကိုယ့်​မိဘ​တွေ ချီးကျူး​နေကြတာ မှတ်​မိ​သေးတယ်။



​နောက်​သုံးပတ်​လောက်​နေ​တော့ ကိုယ့်​ရပ်​ကွက်​ထဲက အစ်​ကို တ​ယောက်​က ဟိုဘက်​လမ်းမ​ကြီး​ပေါ်က ဆိုင်​မှာ​ခေါက်​ဆွဲ​ကျော်​သွားဝယ်​မလို့ လိုက်​အုံးမလား​ခေါ်တယ်​။ ကိုယ်​လဲ လိုက်​သွားတာ​ပေါ့ ။

စား​သောက်​ဆိုင်​တခုထဲ​ဝင်​ပြီး​ခေါက်​ဆွဲ​ကြော်​တပွဲပါဆယ်​ဆိုပြီး မှာပြီး ကိုယ်​တွေထိုင်​စောင့်​ကြတာ​ပေါ့ ။ ဆိုင်​ထဲမှာ အရက်​ဘီယာ​သောက်​နေတဲ့ လူ​တွေလဲရှိတယ်​။



​ထောင့်​ဆုံးစားပွဲမှာ ဖန်​ခွက်​လေး နဲ့ ရီ​ဝေ​ဝေ မျက်​နှာ​လေးနဲ့ ဇရစ်​မင်းစည်းစိမ်​ခံစား​နေတဲ့ ကိုယ့်​မိဘ​တွေ ချီးကျူးနေတဲ့ အသက်​ငါးဆယ်​ကျော်​အ​မေ့ချစ်​တတ်​တဲ့ သား ဆိုတဲ့ လူကြီး ကို မြင်​ခဲ့ရတယ်​



ဆိုင်​က ပြန်​အထွက်​စား​သောက်​ဆိုင်​နာမည်​

​ရေး ထားတဲ့ ဆိုင်းဘုတ်​ကို​မော့ကြည့်​မိ​တော့

" အ​မေ့ အိမ်​" တဲ့ ။



တိုက်​ဆိုင်​မှု ရှိက ရည်​ရွယ်​ရေးတယ်​လို့မှတ်​ပါ​လေ။



Monday, June 26, 2017

မ​အေး​သောင်း မဖတ်​ဖြစ်​တဲ့ကဗျာ

အချစ်​အ​ကြောင်း အဓိပ္ပါယ်​ဖွင့်​ဆို ခွင့်​ကြုံ တိုင်း
မ​အေး​သောင်း လို့ တခွန်းထဲ
ခပ်​ဖွဖွ​လေး ရွတ်​ပြစ်​လိုက်​တယ်​

ကံကြမ္မာ ကို ဘယ်​တုန်းကမှ
မယုံခဲ့တဲ့ လက်​တွေသမား ဟာ
မ​အေး​သောင်းအပါးမှာ ခစားခွင့်​ရဖို့
ဆု​တောင်း ဖြစ်​ခဲ့ဖူး တာ သိပါ​လေစ

ဘဒ္ဒ ကမ္ဘာ မှာ
​နောက်​ဆုံးပွင့်​မယ့်​ချစ်​ခြင်းတရားဟာ
မ​အေး​သောင်း ဖြစ်​တယ်​

​တသုန်​သုန်​ဝေကာ့တိုက်​လာတဲ့​လေမှာ
သူ့ကိုယ်​သင်းနံ့​လေးများပါ​လေ မလား
​တွေးပူရင်း​မွေးကြူဖြစ်​ခဲ့

မ​အေး​သောင်း​ခြေဖဝါး​တော်​နုနု​အောက်​က
ပုံ​တော်​ဖိနပ်​လေးဟာ ကိုယ့်​အတိတ်​ဖြစ်​တယ်​
မ​အေး​သောင်း ကို ဖြတ်​တိုက်​လာတဲ့​လေညှင်း​လေးဟာ ကိုယ်​ပစ္စု ပန်​ဖြစ်​တယ်​
​မ​အေး​သောင်းနုတ်​ခမ်းဖျားဆီက ရယ်​သံချိုလွင့်​လွင့်​ဆိုတာ ကိုယ့်​အနာဂတ်​ဖြစ်​တယ်​

ကုန်​ကုန်​ပြောရရင်​
ကိုယ်​ရဲ့ ကာလသုံးပါးဆိုတာ
မ​အေး​သောင်းပဲ ဖြစ်​တယ်​

မ​အေး​သောင်းရှိတယ်​ဆိုတဲ့အသိနဲ့တင်​
​ရေကြီး မီးပျက်​ကားကြပ်​တယ်​ဆိုတဲ့ရန်​ကုန်​ဟာ
​ကိုယ်​အတွက်​နေ​ပျော်​စဖွယ်​ဖြစ်​နေတယ်​

အချစ်​နဲ့စစ်​မှာ မတရားတာ မရှိဘူးတဲ့
မ​အေး​သောင်း န်ိုင်​ငံ​တော်​တည်​ထောင်​ဖို့
အချစ်​ခြင်း တူတယ်​ဆိုရင်​တောင်​
ဗိုလ်​ခြေတ​သောင်းနဲ့
စစ်​ခင်းယူပါရ​စေ
​မ​အေး​သောင်း နိုင်​ငံ​တော်​အဓွန့်​ရှည်​ပါ​စေ​သော်​

ကို​ရေဦး


Friday, November 25, 2016

ကိုယ့်​နံပတ်​ကိုယ်​တောင်​

်​အလွ​တ်​မရတဲ့​ခေတ်​မှာ

လိပ်​စာအသစ်​ဟာ

နားကြပ် နစ်​ဖက်​တပ်​ပြီး

ပိုင်​ဆိုင်​တဲ့အပြားကိုပဲ

ဖိဆွဲကြည့်​ဖြစ်​ခဲ့တယ်​



အိမ်​မှာ မရှိတဲ့အခါ

ထိုင်​နေကြလက်​ဖက်​ရည်​ဆိုင်​သာလာခဲ့ပါ

ဘယ်​မှာရှိ​နေ​ကြောင်း စာတ​ကြောင်း​တော့​တွေလိမ့်​မယ့်​

နစ်​ဆယ်​ရာစုဟာ လွမ်းဆွတ်​ခြင်း​တွေနဲ့

ပုံပြင်​တပုဒ်​ကို တိုးတိုး​လေး​ပြောပြ​ရှာတယ်​



ဝါးပင်​တွေလို မြက်ပင်​တွလို

လေယူရာ

မယိမ်းနွဲ့တတ်​တဲ့အခါ

သစ်​အိုပင်​ဟာ ကွင်းပြင်​မှာ

ခပ်​ထီးထီးကြီးငိုင်​လို့

်ခပ်​ထီးထီးကြီးငိုင်​လို့