ကိုယ်အခုနေနေတဲ့ ရပ်ကွက်ထဲက အိမ်ကို
ပြောင်းလာတော့ ကိုယ်က ငါးနစ်သား ဝန်းကျင်ရှိပြီ ။အိမ်ငှါးဘဝကနေ အဖေ နဲ့အမေ ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ အိမ်လေးပေါ့ ။
ညနေဘက်ဆို အသက်ငါးဆယ်လောက်ရှိတဲ့ လူကြီးတဦး လမ်းထိပ်ဘက်ကနေ ကိုယ်တို့အိမ်ရှေ့ကိုအမြဲ ဖြတ်ဖြတ်ပြီး လမ်းလျောက်သွားတတ်တာ မှတ်မိနေတယ်။ အဲဒီလူကြီးရဲ့ သမီး ကလဲ
ကိုယ့်အဖေ စာသင်နေတဲ့ကျောင်းက ပဲတဲ့ ။
ရပ်ကွက်အသစ်ထဲပြောင်းလာကာစ ကိုယ့်မိဘတွေက အသိဆိုပြီး အလာပ သလာပ နှုတ်ဆက်စကားပြောကြရင်း
" ဦးကြီး ဘယ်သွား မလို့လဲ" လို့မေးတော့
" အမေ့အိမ်"တဲ့ ။
နေ့တိုင်းအချိန်မှန်အိမ်ရှေ့က ဖြတ်လျောက်သွားတတ်တဲ့ အသက်ငါးဆယ်ဝန်းကျင်လူကြီးကို ကြည့်ပြီး အမေ့ကိုအတော်ချစ်တတ်တဲ့ သားပဲလို့
ကိုယ့်မိဘတွေ ချီးကျူးနေကြတာ မှတ်မိသေးတယ်။
နောက်သုံးပတ်လောက်နေတော့ ကိုယ့်ရပ်ကွက်ထဲက အစ်ကို တယောက်က ဟိုဘက်လမ်းမကြီးပေါ်က ဆိုင်မှာခေါက်ဆွဲကျော်သွားဝယ်မလို့ လိုက်အုံးမလားခေါ်တယ်။ ကိုယ်လဲ လိုက်သွားတာပေါ့ ။
စားသောက်ဆိုင်တခုထဲဝင်ပြီးခေါက်ဆွဲကြော်တပွဲပါဆယ်ဆိုပြီး မှာပြီး ကိုယ်တွေထိုင်စောင့်ကြတာပေါ့ ။ ဆိုင်ထဲမှာ အရက်ဘီယာသောက်နေတဲ့ လူတွေလဲရှိတယ်။
ထောင့်ဆုံးစားပွဲမှာ ဖန်ခွက်လေး နဲ့ ရီဝေဝေ မျက်နှာလေးနဲ့ ဇရစ်မင်းစည်းစိမ်ခံစားနေတဲ့ ကိုယ့်မိဘတွေ ချီးကျူးနေတဲ့ အသက်ငါးဆယ်ကျော်အမေ့ချစ်တတ်တဲ့ သား ဆိုတဲ့ လူကြီး ကို မြင်ခဲ့ရတယ်
ဆိုင်က ပြန်အထွက်စားသောက်ဆိုင်နာမည်
ရေး ထားတဲ့ ဆိုင်းဘုတ်ကိုမော့ကြည့်မိတော့
" အမေ့ အိမ်" တဲ့ ။
တိုက်ဆိုင်မှု ရှိက ရည်ရွယ်ရေးတယ်လို့မှတ်ပါလေ။